Saturday, 24 January 2015
ကျွန်မ နိုင်ငံခြားပြန်
ကျွန်မ နိုင်ငံခြားပြန်
-------------------------
ကျွန်မရဲ့ မောင်နှမ၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်းတချို့က နိုင်ငံခြားပြန်ဆိုရင် ဘာမဆို လုပ်တတ်တယ်၊ ဘာမဆိုသိတယ်လို့ ထင်နေကြတဲ့လူတွေပါ။ ကျွန်မက တစ်ခုခုကို မသိဘူး၊ မလုပ်တတ်ဘူး၊ မလုပ်ရဲဘူးဆိုတိုင်း "နိုင်ငံခြားပြန်ဖြစ်ပြီး ဒါလေးတောင်မတတ်ဘူးလား၊ မသိဘူးလား"လို့ ကျွန်မကို သူတို့အမြဲပြောတတ်တယ်။ သူတို့အသိ၊ သူတို့အမြင်မှာ နိုင်ငံခြားပြန်ဆိုတာ ဥုံဖွဆရာတွေလို အရာရာကို သိနားလည်သူလို့ ထင်နေကြတယ်။
ဥပမာ-- ကျွန်မရန်ကုန်ရောက်တုန်း လမ်းမဖြတ်ကူးရဲဘူး၊ ဘတ်စ်ကားမစီးရဲဘူး ဆိုပါစို့။ "နိုင်ငံခြားပြန်ဖြစ်ပြီး ဒီလမ်းလေးတောင် မကူးရဲဘူးလား" လို့ သူတို့ပြောကြတယ်။
အဲဒီအခါ ကျွန်မက "ကျွန်မနေခဲ့ဖူးတဲ့ နိုင်ငံခြားမှာ ကားတွေကို ဒီမှာလို စည်းမဲ့ကမ်းမဲ့ မမောင်းကြဘူး၊ လူတွေက လူကူးမျဉ်းကြားရောက်ရင် ကားတွေကို အရှိန်လျော့မောင်းကြတယ်။ မီးပွိုင့်မရှိတဲ့ လူကူးမျဉ်းကြားဆိုရင်လည်း ကားတွေရပ်ပေးပြီး လူတွေကို အရင်ကူးစေတယ်။ ဒီမှာလို သေသွားမယ်၊ ဘာမယ်နဲ့ မအော်ကြဘူး။ လမ်းကူးဖို့ရပ်နေတဲ့လူတွေကို အပြုံးနဲ့လက်ပြပြီး အရင်ကူးစေတယ်။
ဘတ်စ်ကားစီးတဲ့အခါမှာလည်း ကိုယ်ဆင်းမယ့်မှတ်တိုင်ရောက်ရင်
ခေါင်းလောင်းလေးတီးပြီး နောက်ပေါက်ကနေ အေးအေးဆေးဆေး ဆင်းရုံပဲ။ ဘတ်စ်ကားတစ်စီးလုံးမှာ ဒါရိုင်ဘာတစ်ယောက်ပဲပါတယ်။ အတက်မှာရှေ့ပေါက်ကတက်မယ်၊ အဆင်းမှာ နောက်ပေါက်ကဆင်းမယ်။ အေးအေးဆေးဆေးပဲ။ ဒီမှာလို အတက်မှာတွဲခေါ် အဆင်းမှာ ဆောင့်တွန်းဆင်းခိုင်းပြီး အော်ငေါက်ဆဲဆိုမယ့် စပယ်ယာမရှိဘူး။
တစ်နေရာနဲ့တစ်နေရာ သွားရင်လည်း ဘတ်စ်ကားမှတ်တိုင်မှာရေးကပ်ထားတဲ့
လမ်းညွှန်မြေပုံကိုကြည့်ပြီး ကိုယ်ဘယ်ဘတ်စ်ကားစီးရမယ်ဆိုတာကို အလွယ်တကူသိနိုင်တယ်။ ဘယ်နံပါတ်ဘတ်စ်ကားက ဘယ်ကိုရောက်တယ်ဆိုပြီး ရောင်စုံတွေနဲ့ ရှင်းရှင်းလင်းလင်း
ရေးပြထားတယ်။ ဂိတ်ကို ဘတ်စ်ကားရောက်တဲ့အချိန်မှ ဖြည်းဖြည်းဆင်းလို့ရတယ်။ ဒီမှာလို ရပ်ချင်တဲ့နေရာရပ်၊ သူ့ကား ငါ့ကားအပြိုင်မမောင်းကြဘူး။
ဒီမှာက လမ်းဘေးမှာစိုက်ထားတဲ့ "မနှစ်က စည်းကမ်းမဲ့လမ်းကူးမှုကြောင့် လူ(xx) သေဆုံးသည်"ဆိုတဲ့ ဆိုင်းပုဒ်ကိုတောင် သနားတယ်။ မျဉ်းကြားက ကူးရင်လည်း ကံမကောင်းရင် အတိုက်ခံရမှာပဲ။ နိုင်ငံခြားပြန်ဆိုတိုင်း ဘာမဆို လုပ်ရဲတယ်၊ သိတယ်လို့မထင်နဲ့" လို့ ပြောမိတတ်တယ်။
နိုင်ငံခြားပြန်ဆိုသလိုပဲ နိုင်ငံခြားကပြန်လာစသူတချို့မှာ နိုင်ငံခြားက အကျင့်ကောင်းတချို့ ပါလာတတ်တယ်။ ဥပမာ-- တစ်ခုခုစားပြီး အမှိုက်ကို အမှိုက်ပုံးမတွေ့မချင်း မပစ်တတ်တဲ့အကျင့်၊ အဲဒီလို ကျွန်မလည်းပြန်လာစမှာ အမှိုက်ကို လက်ထဲချွေးစိုတဲ့အထိ ကိုင်ထားတတ်တယ်။ ဒါကို တချို့တွေက "အိုး.. အ,လိုက်တာ။ အပင်ပန်းခံပြီး ကိုင်ထားသေးတယ်။ အခု ဒီလမ်းကိုကြည့် အမှိုက်တွေချည်းပဲ။ အမှိုက်ကိုင်ထားတဲ့ နင့်လက်တောင့်သာသွားမယ်။ အမှိုက်ပုံးတော့ တွေ့မှာမဟုတ်ဘူး။ အိမ်ကိုသာ ယူပြန်သွားတော့။ နိုင်ငံခြားပြန်ဖြစ်ပြီး ဒီလောက် အ,ရသလား" ဆိုတာမျိုးတွေ ဖြစ်လာတယ်။
တကယ်တော့ ကျွန်မနေခဲ့ဖူးတဲ့နိုင်ငံခြားက လူတိုင်းလည်း စည်းကမ်းရှိကြတာမဟုတ်ပါဘူး။ ဒါပေမယ့် အများအားဖြင့် အမှိုက်ဆိုရင် အမှိုက်ပုံးထဲပစ်ထည့်ရမယ် ဆိုတာကိုတော့သိကြတယ်။ အမှိုက်တွေ အလွယ်တကူပစ်နိုင်အောင်လည်း လမ်းဘေးဝဲယာတစ်လျှောက်မှာ အမှိုက်ပုံးတွေထားပေးထားတယ်။ အထူးသဖြင့် လူစည်ကားတဲ့နေရာ၊ ဘတ်စ်ကားမှတ်တိုင်တွေမှာ အမှိုက်ပုံးရှိတယ်။ လူတွေကို အကျင့်ကောင်းတစ်ခုကူးစက်ဖို့ ခဲယဉ်းပေမယ့် အကျင့်ဆိုးကတော့ အလွယ်တကူ ကူးစက်လွယ်ပါတယ်။ နိုင်ငံခြားပြန်ပြီး ၂နှစ်၊ ၃နှစ်အတွင်းမှာ အဲဒီအကျင့်ဆိုးက သင်စရာမလိုဘဲ အလိုလိုတတ်လာပါတယ်။ ဒါဟာ နေထိုင်မှုပတ်ဝန်းကျင်အရ ဖြစ်လိမ့်မယ်။
ဘဏ်ဆိုရင် တန်းစီ၊ ဈေးဝယ်ရင် တန်းစီ၊ လူအများနဲ့လုပ်တဲ့အလုပ်မှန်သမျှ တန်းစီတာဟာ နိုင်ငံခြား (နိုင်ငံတချို့)မှာ ကြီးပြင်းလာသူတွေအတွက် သင်စရာမလိုတဲ့ အကျင့်ကောင်းလေးပါ။ နိုင်ငံခြားရောက်စက ကြားဖြတ်တတ်တဲ့အကျင့်၊ တိုးတဲ့အကျင့်တွေ ကျွန်မမှာရှိခဲ့တယ်။ အဲဒီလိုကြားဖြတ်တဲ့အခါ လူတွေက ကျွန်မကို ဘာလို့ကြားဖြတ်တာလဲလို့ ရန်မရှာဘူး။ ပြုံးပြုံးလေးနဲ့ သနားစရာသတ္တဝါအဖြစ် ကြည့်နေတတ်တယ်။ အော်.. ဘယ်ဂြိုလ်ကလဲပေါ့....
မြန်မာပြည်ကိုရောက်တော့ တစ်ခုခုဆိုရင် အလိုလိုနေရင်း တန်းစီတတ်တဲ့အကျင့်က ပါလာပါတယ်။ အဲဒီအခါ ကျွန်မကတန်းစီရပ်တယ်။ လူတွေက ကျွန်မကို တစ်ယောက်ပြီးတစ်ယောက် တိုးတက်ကုန်တယ်။ ဒါနဲ့ ခရီးကမတွင်တော့ဘူး။ အလုပ်မပြီးတော့ဘူး။ အဲဒီအခါ သူငယ်ချင်းတချို့က "ရှေ့မတိုးဘဲ တန်းစီနေရင်နေ့ကူးသွားမယ်။ နိုင်ငံခြားပြန်ဖြစ်ပြီး ဒါလေးတောင် မသိဘူးလား" လို့ အပြစ်ဆိုကြတယ်။ နောက်တော့ ဒီပတ်ဝန်းကျင်မှာ နေသားကျသွားတော့လည်း ချွေးတလုံးလုံးနဲ့ လူအများနဲ့အပြိုင် ကျွန်မတိုးဝှေ့တတ်လာခဲ့တယ်။ မတိုးရင် အလုပ်မပြီးတော့ဘူးလေ...
နိုင်ငံခြားပြန်စ မြန်မာပြည်မှာအင်တာနက်သုံးတော့ ဂျီမေးလ်ကိုတောင် ကျွန်မ မဖွင့်တတ်ခဲ့ဘူး။ ဆိုက်တွေကိုကျော်ခွဝင်ဖို့က ပိုဆိုးပါတယ်။ ဆိုင်မှာထိုင်ပြီး ဘေးလူကိုမေးလိုက်၊ ဆိုင်ဝန်ထမ်းကိုမေးလိုက်နဲ့ အချိန်တော်တော်ကြာဝင်မရခဲ့ဘူး။ အရင်က ဘယ်လိုကျော်ခွဝင်ရသလဲလို့ လူတွေမေးတိုင်း ကျွန်မနေတဲ့နိုင်ငံက အင်တာနက်တွေ ကျော်ခွစရာမလိုလို့ မကျော်ခွတတ်ဘူးလို့ဖြေတဲ့အခါ ကြီးကျယ်တယ်လို့ အထင်ခံရတယ်။ ကျော်ခွမှရတဲ့နေရာကိုရောက်လာတော့ ကျော်ခွဖို့ဆိုက်တွေမေးတိုင်း "နိုင်ငံခြားပြန်ဖြစ်ပြီး ဒါလေးတောင် မသိဘူးလား" လို့ဆိုကြတယ်။
တကယ်တော့ နိုင်ငံခြားပြန်ဆိုတိုင်း အရာရာကို သိတတ်နားလည်ကြတာ မဟုတ်ပါဘူး။ ကျွန်မလို ထုံအ,အလူက ပိုတောင်ဆိုးပါသေးတယ်။ ဒါကြောင့် ဟိုဟာမသိဘူး၊ ဒီဟာမလုပ်ရဲဘူးလို့ ကျွန်မဆိုတဲ့အခါတိုင်း "နိုင်ငံခြားပြန်ဖြစ်ပြီး ဒါလောက်တောင် မသိဘူးလား" လို့ နိုင်ငံခြားပြန်....နိုင်ငံခြားပြန်နဲ့ အပြစ်မဆိုပါနဲ့။ နိုင်ငံခြားပြန်ဖြစ်ပြီး ဘာမှမသိနားမလည်တဲ့အခါ ဒီနိုင်ငံခြားပြန်ကျွန်မတစ်ယောက် သေသင့်တယ်လို့ပဲ မှတ်ယူပေးကြပါ။
မွန်ရိုးရာဝတ်စုံ
မွန်အမျိုးသားရိုးရာဝတ်စုံရဲ့ အဓိပ္ပါလ်
  ပြည်ထောင်စုတိုင်းရင်းသား အားလုံးဟာ မိမိတို့ရဲ့ရိုးရာဝတ်စုံတွေကို
  အမျိုးသားနေ့တွေ မှာအလေးထားဝတ်ဆင်ကြတယ်။ အမျိုးသားနေ့မှာ
  မဟုတ်ဘဲ တိုင်းရင်းသားဝတ်စုံတွေကို နေ့တိုင်း အမြတ်တနိုးနဲ့ဝတ်ဆင်
  ကြတာလဲရှိတယ်။ ဒါကတော့ မိမိအမျိုးသားဝတ်စုံအပေါ်ချစ်မြတ်နိုးဂုဏ်
  ယူ ဝတ်ဆင်ကြသလို မွန်လူမျိုးတွေလည်း အမျိုးသားဝတ်စုံ ဝတ်ရင်
  ကျန်းမာ လာဒ်ရွင် အရွယ်တင်စေတယ်လို့ ယုံကြည်ပြီးဝတ်ဆင်တတ်ကြ
  တယ်။ တိုင်းရင်းသာမွန်လူမျိုးတို့ရဲ့ ဝတ်စုံဟာ ယုံကြည်ကိုးကွယ်ရာ
  မွန် နတ် ( အဖိုး ) ရဲ့ ဝတ်စုံအဆင်သွေးအတိုင်းဖြစ်တယ်။
  မွန်လူမျိုးတွေဟာ လယ်ယာလုပ်ငန်း၊ ဥယာဉ်ခြံလုပ်ငန်းနဲ့အဓိကအသက်
မွေးဝမ်းကျောင်းပြုကြတယ်။ အထူးသဖြင့်လယ်ယာလုပ်ငန်းလုပ်ကိုင်ကြ
  တယ်။ လယ်ယာလုပ်ငန်းဟာ အလွန် ပင်ပန်းကြီးတဲ့လုပ်ငန်းမျိုးဖြစ်ပေမဲ့
  ရဟန်း ရှင် လူ ပြည်သူ တွေ အဓိက စားသုံးရဲတဲ့ဆန်စပါးကို ရစေတာဖြစ်
  လို့ လွန်စွာ ကုသိုလ်ကြီးတဲ့လုပ်ငန်းလို့အယူအစွဲရှိကြတယ်။
    လယ်ယာအလုပ်ကို မြတ်နိုးတန်ဘိုးထားတဲ့မွန်လူမျိုးတွေ မှာ အယူဆ
တစ်ခုရှိတယ်။ ရာမညတိုင်းသား မွန်လူမျိုးတွေက အရှေ့အရပ်နဲ့ တောင်
အရပ် ဟာ လူအပါဝင် သတ္တဝါအပေါင်းကို အလွန်တစ်ရာ ကျေးဇူးပြုတဲ့
အရပ်ဆိုပြီး အထွဋ်မြတ်ထားကြတယ်။ အရှေ့အရပ်ဟာ အလင်းရောင်ပေး
တဲ့ နေနဲ့လ တို့ထွက်ပေါ်ရာအရပ်ဆို ပြီး မွန်လို"ဗမွတ်"( ကမ ္ဘာကိုအလင်း
ရောင်ပေးတဲ့အရပ် ) ခေါ်တယ်။ တောင်အရပ်ကတော့ မိုးရွာစေတဲ့အင်အား
ကြီးတဲ့လေတိုက်ရာ အရပ်ဆိုပြီး မွန်လို"စလိန်းကျား" ( ကြီးမြင့်တဲ့လေ
တိုက်ရာအရပ်) လို့ခေါ်တယ်။ ဒီအရပ်နှစ်ခု ကို အလွန်အထွဋ်မြတ်ထား
တာနဲ့အညီ မွန်တွေရဲ့ရိုးရာ နတ် ( အဖိုး) ကိုလည်း အရှေ့တောင်ထောင့်
  အိမ်တိုင်မှာ ကိုးကွယ်ပြီး မွန်အိမ်မှာ အိမ်နတ်တိုင် လို့ခေါ်တယ်။
  ဒါ့ကြောင့်မွန်တွေဟာ အရှေ့အရပ် နဲ့တောင်အရပ်ကို ခေါင်းရင်းပြုအိပ်
  ကြတယ်။ အရှေ့တောင်ထောင့်အိမ်တိုင်ကိုလည်း အလေးမြတ်ထားတယ်။
  ကိုးကွယ်ရာမှာလည်း မွန်နတ် ( အဖိုး) ဝတ်စုံကို လေလုံကျွန်းသေတ္တာမှာ
  ထည့်ပြီး အရှေ့တောင်ထောင့် အိမ်နတ်တိုင်မှာ သိမ်းဆည်းထားပေး
တယ်။ မွန်နတ် ( အဖိုး) ဝတ်စုံကို ချမကိုက်အောင် အပျက်စီးမရှိအောင်
  သေသေချာချာ စစ်ဆေးမူပြုပေးတတ်ကြတယ်။
  မွန်နတ် (အဖိုး) ဝတ်စုံ ရဲ့အဆင်အသွေးဟာမွန်အမျိုးသားတွေ
ဝတ်ဆင်တဲ့ဝတ်စုံအဆင်အသွေးအတိုင်းဖြစ်တယ်။ လုံချည်ရဲ့အဆင်အနီ
လေးထောင့်ကွက် ရဲ့အဓိပ္ပါလ် ဟာ လယ်ကွက်အမှတ်သား၊ လယ်ယာ
လုပ်ငန်းရဲ့အမှတ်သားဖြစ်တယ်။ လယ်လုပ်ငန်းကို တော်ရုံဇွဲ လုံ့လနဲ့
မလုပ်နိုင်ဘူး။ အင်မတန်ပင်ပန်းပါတယ်။ ဒါပေမဲ့ ရဟန်းရှင် လူပြည်သူ
အတွက်ဆန်စပါး ရစေလို့ အလွန်ကုသိုလ်ကြီးတယ်လို့ယုံကြည်တယ်။
ဒါ့ကြောင့်အနီရောင်ဟာ ဇွဲသတ္တိ လုံ့လ ဝိရိယကိုရည်ညွန်းတာဖြစ်တယ်။
အနီရောင်လေးထောင့်ကွက်တွေကိုကန့်ထားတဲ့
အဖြူစင်းတွေ ကျတော့ စိတ်စေ တနာ ဖြူစင်တာကို ရည်ရွယ်တယ်။
ဇွဲလုံ့လဝိရိယအားစိုက်ရတဲ့ လယ်ယာအလုပ်ကို ဖြူစင်တဲ့စိတ်စေတနာ
  နဲ့လုပ်ဆောင်တာ၊ ထိမ်းကွပ်တာ လို့အဓိပ္ပါလ် ရပါတယ်။
  လုံချည်အနားကွပ်ကို အဖြူရောင်အနားကွပ်ကြီးကြီးနဲ့ကွပ်ထားတယ်။
အဓိပ္ပါလ်က ကြီးမားတဲ့ ဖြူစင်တဲ့ စိတ်စေတနာ ကသာ အရာရာကိုကွပ်ကဲ
တယ်လို့ အဓိပ္ပါလ်ရပါတယ်။ စိတ်စေတနာ သည်အရာရာတွင်အရေးကြီး
  တာကို ဆိုလိုပါတယ်။ အလယ်ကအဖြူနှစ်စင်းကတော့ အရင်က လက်
ယက်ကန်းတွေ အနံသေးတာကြောင့် နှစ်နံစပ်မှ ပိုဆိုးတစ်ထည်ဖြစ်လို့
ဆို ပြီး အဲဒီအမှတ်သား လို့ထင်ရပါတယ်။
ဇွဲလုံ့လလဲရှိ စေတနာလဲဖြူစင်တဲ့အလုပ်မှန်သမျှ ဟာ မဟာကုသိုလ်
အကျိုးပေးတယ်လို့ မွန်လူမျိုးတွေ ယုံကြည်ကြတယ်။
  မွန်နတ်( အဖိုး) ရဲ့ အကျီ ၤက အဖြူရောင်ပေါ်မှာ အနီစင်းတွေကန့်ထား
တယ်။ လေးထောင့်ကွက်တွေ ကလယ်ယာလုပ်ငန်းကို ရည်ရွယ်တယ်။
ဖြူစင်တဲ့ စိတ် စေတနာကို ဇွဲသတ္တိအနီရောင် နဲ့ ထိမ်းကွပ်ထားတဲ့အဓိပ္ပါလ်
ဖြစ်တယ်။ မွန်နတ်( အဖိုး)ရဲ့ဝတ်စုံကို လေ့လာကြည့်ရင် ရှေးပဝေသဏီ
ကတည်းက မွန်လူမျိုးတွေရဲ့ စိတ်နေစိတ်ထား၊ ဓလေ့စရိုက် ယဉ်ကျေးမူ
အခြေနေတွေကို ဖေါ်ပြနေပါတယ်။
  အရောင်တွေမှာ အနီရောင် ဟာ စိတ်ဓါတ်ကိုမြင့်တင်ပေးတဲ့အရောင်၊
  သတ္တိဝိရိယကို ဖေါ်ဆောင်ပေးတာ ဖြစ်လို့ရိုးရာဝတ်စုံဝတ်ရင် စိတ်ဓါတ်
တက်ကြွတယ်။ ကျန်းမာရေးကောင်းတယ်လို့ယုံကြည်ခဲ့ကြတယ်။
တစ်ကယ်တော့ တိုင်းရင်းသားတိုင်းဟာ ကိုယ့်ရိုးရာ ဝတ်စုံကိုမက်မက်မော
မော ဝတ်ဆင်တာဟာ လူမျိုးရေးအမြင်ကြောင့်လဲမဟုတ်ဘူး။ မိမိအမျိုး
သားဝတ်စုံကို ဝတ်ဆင်တာ တွယ်တာ မြတ်နိုးလို့ပါဘဲ။ အရေးကြီးဆုံး လူ
  ပီသ တဲ့ယဉ်ကျေးတဲ့ စိတ်စေတနာ စရိုက်လက္ခာရှိဘို့ဘဲလိုအပ်တယ်။
လူရဲ့စရိုက် ကြုံတွေ့ခိုက်ဝယ် နှစ်ခြိုက်ချစ်ခင် မေတ္တာဝင်၏ အဆိုရှိတယ်။
မွန်လူမျိုးတွေ ဟာ ဗုဒ္ဒအဆုံးမအောက်မှာ နှစ်ပေါင်းများစွာ ကျွမ်းဝင် ရိုကျိုး
  တဲ့ ယဉ်ကျေးတဲ့လူမျိုးဖြစ်တယ်။ မိစ္ဆာဓိဌိ အယူဆတွေ မရှိဘူး။ ယနေ့
ထက်တိုင် ဗုဒ္ဓအဆုံးမ ဓမ္မတရားတွေနဲ့ သာ ပျော်မွေ့နေသူတွေဖြစ်တယ်
   ယဉ်ကျေးမူကို ထိမ်းသိမ်းတာဖြစ်တယ်လို့ပြောလိုပါတယ်။
  ကိုယ့်လူမျိုး ကိုယ့်ရိုးရာ ဝတ်စုံကို ခင်တွယ်တာ လူ့သဘာဝပါဘဲ။
အခုစာကိုရေးနိုုင်အော် မွန်လုံချည် အယူဆတွေကို ပြောပြခဲ့တဲ့ ဖိုးလေး
မင်းသုတ ( ဒဂုံ) ကို ကျေး ဇူး အထူးတင်ရှိပါတယ်။
( ဒီပုံမှာ မွန် လူကုံထံတစ်ဦး ရဲ့ ဝတ်စားဆင်ယင်ဟန် ကိုပါ ပူးတွဲဖေါ်ပြ
  ပေးလိုက်ပါတယ်။ ပန်းချီကားမှာ မှတ်တမ်းတင်ထားတဲ့ပုံပါဘဲ )
Monday, 22 December 2014
လော ကနှင့်​ ဘဝ
ကျေန်ာဟာ မိမွေးတိုင်း၊ဖေမွးတိုင်းပါပဲ။   ။
အသက်(ပိုပို)ကြီးလာတာရယ်
ခါး(ပိုပို)ကိုင်းလာတာရယ်
မျက်စိ(ပိုပို)မှုန်လာတာရယ်
အစွန်းအထင်း(ပိုပို)များလာတာရယ်ကလွဲလို့
ကျနော်ဟာ မိမွေးတိုင်း၊ဖမွေးတိုင်းပါပဲ။   ။
မှတ်​သားစရာ
လောင်ဇူး၏ တစ်သက်စာ
တရုတ် အတွေးခေါ်ပညာရှင်
လောင်ဇူး၏ တစ်သက်စာ
လူတစ်ယောက်ကို ငါးတစ်ကောင် ပေးလိုက်ရင် သူ့ကို သည်ကနေ့အတွက် ကျွေးမွေးလိုက်တာပဲ။ ငါး ဘယ်လိုဖမ်းရမလဲဆိုတာ သင်ပေးလိုက်ရင်တော့ သူ့ကို တစ်သက်လံုး ကျွေးမွေးလိုက်တာပေါ့
Wednesday, 3 December 2014
မ​လေးရှား စ​ရောက်​တဲ့​နေ့.....
2013 ၀ါဆိုလ မပြည့်​ခင်​ သုံး ​လေးရက်​​လောက်​မှာ ကျွန်​​တော်​ ဒီမ​လေးရှားကို စထွက်​လာခဲ့တယ်​ စစ​ရောက်​​တော့ စကားလဲနာမလည်​ သူများ​တွေဘာ​ပြောလို့​ပြော​နေမှန်​လဲမသိ စိတ်​ညစ်တာ​တော့ ​ပြောမ​နေနဲ့ ကန်​​ကောင်း​တော့ ​ရောက်​တဲ့​နေရာမှာ ဒို့အ​ပေါင်​က မွန်​အကိုကြီးတစ်​​ယောက်​ရှိ​နေလို့​ပေါ့ မဟုတ်​​​ရင်​ အ​တော်​​လေးဒုက်​ခ​ရောက်​မှာ ​သေချာတယ်​ အလုပ်​ကလဲ ထင်​ထားသလိုမဟုတ်​ပြန်​ဘူး​လေ ​ရေကာလုပ်​ငန်းတဲ့ဗျာ ရှာပြန်​​ရောက်​ရင်​ ဘာမှသုံးစားလို့ မရတဲ့အလုပ်​ဘဲ ဟီး ဒီလိုနဲ့ဘဲ ​နေ့ရက်​​တွေ ​ကျော်​ဖြတ်​လာခဲ့တယ်​​လေ........
2013 ဝါဆိုလ မပြည်​့ခင်​ သံုး ​လေးရက်​​လောက်​မှာ ကျွန်​​တော်​ ဒီမ​လေးရှားကို စထွက်​လာခဲ့တယ်​ စစ​ရောက်​​တော့ စကားလဲနာမလည်​ သူများ​တွေဘာ​ပြောလို့​ပြော​နေမှန်​လဲမသ်ိ စိတ်​ညစ်တာ​တော့ ​ပြောမ​နေနဲ့ ကန်​​ကောင်​း​တော့ ​ရောက်​တဲ့​နေရာမှာ ဒို့အ​ပေါင်​က မွန်​အကိုကြီးတစ်​​ယောက်​ရှိ​နေလို့​ပေါ့ မဟုတ်​​​ရင်​ အ​တော်​​လေးဒုက်​ခ​ရောက်​မှာ ​သေချာတယ်​ အလုပ်​ကလဲ ထင်​ထားသလိုမဟုတ်​ပြန်​ဘူး​လေ ​ရေကာလုပ်​ငန်​းတဲ့ဗျာ ရှာပြန်​​ရောက်​ရင်​ ဘာမှသံုးစားလို့ မရတဲ့အလုပ်​ဘဲ ဟီး ဒီလိုနဲ့ဘဲ ​နေ့ရက်​​တွေ ​ကျော်​ဖြတ်​လာခဲ့တယ်​​လေ........
Thursday, 28 August 2014
မဂၤလာပါ......
ကျွန်တော် ဘ၀နှင့်အချစ် အကြောင့်း Onlile မှတ်စု ရေဖို့ ရည့်ရွယ်ပြီး ဒီBloger လေးဖွင့်လိုက်တယ်ဆိုပါတော့ ဗျာ ကျွန်တော်က မွန်ပြည်နယ် ပေါင်မြို့နယ် ကဒါမြို့သစ် (၁)လမ်းမှာနေပါတယ် လယ်သမား တစ်ယောက်ပါ ကျောင်းကတော့ မူလတန်းနောက်ဆုံးနှစ် ဟီးဟီး ၄တန်းဘဲနေခဲ့ရတာ အခုတော့ အမေ့အိမ်းနဲ့ ရေမြေခြားတစ်နေရာမှာရောက်နေတာလေ ဘ၀အခြေနေနဲ့ အကြောင်းတစ်ခုခုကြောင့်ပေါ့ဗျာ ...
ကျွန်တော် ဘ၀နှင့်အချစ် အကြောင့်း Onlile မှတ်စု ရေဖို့ ရည့်ရွယ်ပြီး ဒီBloger လေးဖွင့်လိုက်တယ်ဆိုပါတော့ ဗျာ ကျွန်တော်က မွန်ပြည်နယ် ပေါင်မြို့နယ် ကဒါမြို့သစ် (၁)လမ်းမှာနေပါတယ် လယ်သမား တစ်ယောက်ပါ ကျောင်းကတော့ မူလတန်းနောက်ဆံုးနှစ် ဟီးဟီး ၄တန်းဘဲနေခဲ့ရတာ အခုတော့ အမေ့အိမ်းနဲ့ ရေမြေခြားတစ်နေရာမှာရောက်နေတာလေ ဘ၀အခြေနေနဲ့ အကြောင်းတစ်ခုခုကြောင့်ပေါ့ဗျာ ...